မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ မဲပေးစက်များ ထုတ်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား ယနေ့နံ နက်ပိုင်းက စတင်ခွဲဝေထုတ်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၅,၀၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၅,၀၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံမှူးများမှ လာရောက်ထုတ်ယူ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား မြို့သစ်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုမဲရုံမှူးများအား ထုတ်ပေးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရတနာ)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ မြန်မာအီလက်ထရော်နက်မဲပေးစက်(MEVM)များနှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျဖြန့်ဝေ ပို့ဆောင်ပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျဖြန့်ဝေပို့ဆောင်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့ပြီး ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းတွင် ပညာရည်ချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့်သစ်လွင်မောင်၊ သစ်လွင်မယ်များ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခြင်း အခမ်းအနားတက်ရောက်

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ ရခိုင်ပြည်နယ် ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာ ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာပင် ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဂန့်ဂေါမြို့၌ မဲပေးစက်များထားရှိသည့်နေရာနှင့် ပတ်ဝန်းကျင်အား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်အသုံးပြုမည့် MEVM မဲပေးစက်များထားရှိသည့်နေရာနှင့် ပတ်ဝန်းကျင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောက်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ယနေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး