မကွေး မတ် ၂
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ်(၈/၂၀၂၆)ဖြင့် မတ်(၂)ရက်က မကွေးအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၃၄၄)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် မကွေးအကျဉ်းထောင်မှ အကျဉ်းသား (၂၅၃)ဦး၊ အကျဉ်းသူ (၉၁)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။
မကွေးအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ (၃၄၄)ဦး တို့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အကျဉ်းထောင် တာဝန်ခံအရာရှိတို့မှ ဆုံးမစကားပြောကြား၍ ထောင်လွှတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)