ဆိပ်ဖြူမြို့နယ်တွင် ပြောင်းဖူးရေသွင်းစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း

ဆိပ်ဖြူ မတ် ၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုင်းစိုက်ပျိုးမြေနှင့် ဥယျာဉ်မြေတို့၌ ဖူးစားပြောင်းရေသွင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအတွက် ဝင်ငွေရရှိကြောင်းသိရသည်။

ဆိပ်ဖြူမြို့နယ်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် ရာသီးအလိုက်အောင်မြင်ဖြစ်ထွန်းသည့် သီးနှံမျိုးစုံကိုစိုက်ပျိုး ဆောင်ရွက်လျှက်ရှိကြပြီး စိုက်ပျိုးရေသွင်းစနစ်ဖြင့်စိုက်ပျိုးလျှက်ရှိ ထိုင်ဝမ်မျိုးပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပြောင်းဖူးကို ထိုင်ဝမ်သကြားပြောင်းမျိုးနှင့် ပြောင်းအစေးမျိုးများ စိုက်ပျိုးဆောင်ရွက်ကြောင်း၊ လိုအပ်သည့် မျိုးစေ့ထုပ်များကို စိုက်ပျိုးရေးဆိုင်များက စိုက်ပျိုးမည့်အချိန်မှဝယ်ယူစိုက်ပျိုးဆောင်ရွက်ကြသလို၊ ဈေးကောင်းရရှိရေးအတွက်ကို စိုက်ပျိုးမည့်မြေဧကအတွက်အပေါ်မူတည်၍ ရက်ခြားစိုက်ပျိုးဆောင်ရွက်ပြီး ပြောင်ဖူးအောင်မြင်ချိန်တွင် ဈေးကွက်တင်ရာပို့ရာအဆင်ပြေဈေးကောင်းရကြောင်း၊ ပထမအသုတ်ပြောင်းဖူး ဈေးကွက်ရောင်းရချိန်တွင် ပြောင်းဖူးတစ်ဖူးကို ၂၅၀ ကျပ်သာရရှိပြီး ပြောင်းဖူးလှိုင်လှိုင်ပေါချိန်နဲ့ဆုံသွားကြောင်း၊ ယခုထွက်ရှိမယ့် ပြောင်းဖူးများကယခင်ဈေးထက် ပိုရရှိနိုင်မည်မျှော်မှန်းကြောင်း၊ စိုက်ပျိုးထားသည့် ပြောင်းဖူးများ ကျေးငှက်၊ ကျီးနှင့်ရှဉ့်သတ္တဝါများ ဝင်ရောက်ဖျက်ဆီးမရှိရေးကိုလည်း သတိထားစောင့်ရပြီး၊ ပြောင်းဖူးစိုက်ပျိုးခြင်းမှ မိသားစုဝင်ငွေများရရှိသလို မိမိမွေးမြူထားသည့် နွားများအတွက် အစားအစာရရှိသည့်အတွက် အဆင်ပြေကြောင်း ပြောင်းဖူးစိုက်ပျိုးတောင်သူများထံမှ သိရသည်။

ကိုဇွဲ (အညာမြေ)