မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စီစဉ်ထားရှိသော ပွင့်ဖြူမြို့ (အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ(အ.ထ.က)စာစစ်ဌာနတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက  မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့တွင် ရေတွင်းများစစ်ဆေးခြင်းနှင့် ထရန်စဖော်မာပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ဒေသခံပြည်သူများ နွေရာသီကာလ သောက်သုံးရေအဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်းကာ ရေတွင်းများစစ်ဆေးခြင်း၊ ထရန်စဖော်မာများပြုပြင်ခြင်းလုပ်ငန်းတို့ကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့ သမိုင်းဝင်ရွှေပြည်ဆိပ်ဦး ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် ပြည်လုံးချမ်းသာစေတီတော်၊ အောင်စင်္ကြာစေတီတော်မြတ်များ ထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဆုတောင်းပြည့် စေတီတော်မြတ်ကြီးနှင့် ပြည်လုံးချမ်းသာစေတီတော်၊ အောင်စင်္ကြာစေတီတော်မြတ်များ ထီးတော်တင်လှူ ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီကစိုက်ပျိုးသည့် ကျွဲနွားတိရစ္ဆာန်အစာ (၉၆၉၀)ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းရာသီက စိုက်ပျိုးခဲ့သည့် ကျွဲနွားတိရစ္ဆာန်အစာပင် (၉၆၉၀)ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေနံချောင်းမြို့နယ် ချောင်းဝကျေးရွာ၌ နေအိမ်‌ခြောက်လုံးမီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအုပ်စု ချောင်းဝကျေးရွာ၌ မတ် ၆ ရက်နေ့ ည ၁၁  နာရီ ၁၅ မိနစ် အချိန်ခန့်က ဦးနိုင်လင်းထွေး (ဘ) ဦးမြအောင်၏ သုံးပင် ထန်းရွက်မိုး၊ ထရံကာနေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိနေအိမ်ငါးလုံးအား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဥပဒေအသိပညာပေး ဟောပြောပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဥပဒေအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် နွေရာသီ အခြေခံ/အဆင့်မြင့် ပန်းချီသင်တန်းအခမဲ့ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူလေးများအတွက် နွေရာသီ အခြေခံ/အဆင့်မြင့် ပန်းချီသင်တန်းအခမဲ့ ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီ မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့၌ အ.ထ.က(မြို့မ)နှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုစတင်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသမှုဆောင်ရွက်ပေးခြင်းများကို ယနေ့နံနက်(၉)နာရီက အ.ထ.က(မြို့မ)ကျောင်းနှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းတို့တွင် ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေ ပဉ္စမမူကြမ်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြေပြင်လူဦးရေစာရင်းမှန်ကန်စေရေးနှင့် လာမည့်ရွေးကောက်ပွဲကျင်းပချိန် အထောက်အကူပြုစေရန် အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေ ပဉ္စမမူကြမ်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး