မြိုင် မတ် ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ဒေသခံပြည်သူများ နွေရာသီကာလ သောက်သုံးရေအဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်းကာ ရေတွင်းများစစ်ဆေးခြင်း၊ ထရန်စဖော်မာများပြုပြင်ခြင်းလုပ်ငန်းတို့ကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေစက်ရုံ(၁)မှ စက်ရေတွင်းများစစ်ဆေးခြင်း 100kv Load Tap Changing Transformer ရှိ လျှပ်စစ်ပစ္စည်းများပြုပြင်ခြင်းနှင့် ဆီသစ်ဖြည့်ဆည်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နွေရာသီကာလဒေသခံပြည်သူတွေ ရေအဆင်ပြေစေဖို့ စဉ်ဆက်မပျက် စစ်ဆေးဆောင်ရွက်နေပါတယ် ရေတွင်းအရေအတွက်နည်းလို့ ပိုသတိထား ဆောင်ရွက်နေရပါတယ်ဟု မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဟန်မြင့်ကပြောသည်။
ဖြိုးမွန်ကျော်