ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ယနေ့နံနက် ၇ နာရီက မြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။