မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃) နှစ်နှင့်အောက် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃) နှစ်နှင့်အောက် ခရိုင်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စစ်ဘက်ဆိုင်ရာအဆင်မြင့် အရာရှိကြီးများ၊ ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ်မှဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့်မျိုးဆက်သစ်လူငယ်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက  ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လအတွက် ပင်စင်လစာငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် (၆)နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ စတင်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိသည်။

ချောက်မြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား ကျောင်းအခြေပြုသဘာဝဘေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၉နာရီအချိန်က အ.ထ.က(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ စားသုံးသူပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ယုံကြည်စိတ်ချစွာဝယ်ယူစားသုံးနိုင်စေရေးရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား  ယနေ့နံနက်၁၀နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ကော်ဖီမျိုးစေ့နှင့်ပျိုးပင်ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ကော်ဖီမျိုးစေ့နှင့်ပျိုးပင်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အညာဒေသ၏ ပြယုဂ်သဖွယ်တည်ရှိနေသည့် ထန်းတောများ

ထန်းပင်သည် အပူပိုင်းဒေသတွင်သာအများဆုံးတွေ့ရ၍ ပင်စည် ၃၀/၄၀ လက်မကြား၊ အမြင့် ၇၀/၈၀ ပေရှိပြီး ကမ္ဘာပေါ်တွင်အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့်   ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်းများတွင်တွေ့နိုင်သည်။ထန်းပင်ဟုပြောလိုက်ပါက လူတိုင်းသိကြသည်။

ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည်များ

မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်တွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထိုသို့ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စာပေများတွင်လည်း အထင်အရှားတွေ့မြင်ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ နွေစပါးအောင်နိုင်တိုးစပါးမျိုး အကွက်ကျယ်စံပြကွက်ရိတ်သိမ်း တစ်ဧက စပါးအစိုတင်း ၁၄၀ ကျော်ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းစီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထားသောနွေစပါးအောင်နိုင်တိုးစပါးမျိုး အကွက်ကျယ်စံပြကွက်ရိတ်သိမ်းခြင်းကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ထိန်တောကျေးရွာ၌ ဆောင်ရွက်ခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း စပါးအစို  တင်း ၁၄၀ ကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး