မင်းလှမြို့တွင် ဓမ္မစကူးလ်ကျောင်းတော်အတန်းပြီးဆုံးခြင်းအောင် လက်မှတ်ပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဇေယျာမဂ္ဂဘုန်းတော်ကြီးကျောင်းတိုက်၌ ဓမ္မစကူးလ်ကျောင်းတော်အတန်းပြီးဆုံးခြင်း အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်းကို ဇွန်လ ၂၂ နံနက် ၈ နာရီချိန်က ကျင်းပခဲ့သည်။