မကွေးတိုင်းဒေသကြီး

သရက်မြို့၌ ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအကြောင်း အသိပညာပေး အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအကြောင်း အသိပညာပေး အခမ်းအနားကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဈေးမီးဘေးလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး မြို့မစည်ပင်သာယာဈေး၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြို့သစ်မြို့နယ်၌ နွေသီးနှံအဖြစ် စိုက်ပျိုးထားသည့် နွေနှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းစိုက်ပျိုးရန် (၁၈၈၁)ဧကလျာထားခဲ့ပြီး နွေနှမ်းဧက(၄၀၉၂)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ကာ စိုက်ပျိုးထားသည့် နွေနှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၈) နာရီ (၃၀) မိနစ် အချိန်က အမှတ်(၁)အခြေခံနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း  ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့၊ တိုင်းဒေသကြီးပြည်သူအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၂၂၉၁၉ ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့သီတင်းပတ် ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများအလိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၆ ရက် ယနေ့အထိ လာရောက်ကျောင်းအပ်နှံသည့် (ထက် ၊ လယ် ၊ မူ) ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၂၉၁၉ ဦး ရှိပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်တွင် ၂၀၂၅ မိုးရာသီ၌ ဖြန့်ဝေရန် “လူထုဖြန့် ပျိုးပင်များ” ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ နတ်မောက်-မြို့သစ်ကားလမ်းဘေး မိုင်တိုင်အမှတ် (၂၇) အနီးရှိ မြို့မပျိုးဥယျာဉ်တွင် ၂၀၂၅ မိုးရာသီ၌ ပြည်သူလူထုသို့ ဖြန့်ဝေပေးရန် လူထုဖြန့် ပျိုးပင်ပေါင်း (၂၄၂၀၀) အား ကျွန်း၊ တမာ၊ ဆီသပြေ၊ စိန်ပန်းကြီး၊ စိန်တံခြူ၊ ငုရွှေဝါ၊ ယင်းမာ၊ ဖျောက်ဆိပ်၊ တပေဘူတ၊ ယူကလစ်၊ မြန်မာကုက္ကိုလ် စသည့် သစ်မျိုး(၁၁)မျိုးဖြင့် ပျိုးထောင်ထားရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ (၂၈၃၀၀) ဦး ရှိပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အ‌ခြေခံပညာအတန်းများ၏ ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၂ ရက်နေ့က စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၅ ရက်နေ့အထိ လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၂၈၃၀၀) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး