မကွေးတိုင်းဒေသကြီး

မင်းလှမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ စည်ပင်သာယာမြို့မဈေးကြီးရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ပခုက္ကူမြို့၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် သက်တော်ရှည်ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲနှင့် မြို့နယ်သံဃာစုံညီအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ကန်တော်ပွဲနှင့် မြို့နယ်သံဃာစုံညီအစည်အဝေးကို ယနေ့နံနက် (၉)နာရီက ဆိပ်ဖြူမြို့အနောက်တော့ရကျောင်း၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီး ၉၈၁ ဧက စိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီး ၉၈၁ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ (၁၉၂၇၇) ဦး ကျောင်းအပ်နှံပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်၊ ကျောင်းအပ်နှံခြင်းကို မေလ (၂၃) ရက်နေ့က စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၉၂၇၇) ဦး၊ ကျောင်းအပ်နှံပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနာကို ယနေ့နံနက် ၈ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၆၇၇၀၉) ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်‌ရန် ၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၆၇၇၀၉) ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များအား အရှိန်အဟုန်တိုးမြှင့်အကောင်အထည်ဖော်ခြင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နတ်မောက်မြို့၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များအား အရှိန်အဟုန်တိုးမြှင့်အကောင်အထည်ဖော်ခြင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး