မြို့သစ် ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲ အသိပညာပေး စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်(၁)နာရီက မြို့သစ်မြို့နယ် ပေကံကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့် “ကလေးအလုပ်သမားပပျောက်ရေး”ဆိုင်ရာ အကြောင်းအရာများ၊ ကာတွန်း၊ ရုပ်ပြ၊ စာစောင်၊ ပုံပြင်များ၊ ယခုကာလတွင် ကျောင်းသား၊ ကျောင်းသူများ ဆောင်ရန်၊ ရှောင်ရန် အချက်များသိရှိစေရန် ကလေးအလုပ်သမားပပျောက်ရေး အကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများ ပြသရာတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)