ရေနံချောင်းမြို့နယ်၌ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ယမန်နေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။