ယင်းမာပင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ယင်းမာပင် ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ဖေဖော်ဝါရီလ () ရက်၊ နံနက် (၁၀)နာရီအချိန်တွင် ယင်းမာပင်မြို့၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ လစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေး ဆရာ ဆြာချစ်ရေးသားသည့် ‘‘စာအုပ်ထဲမှထွက်ခဲ့ပါ’’ လွတ်လပ်သောလူငယ့်အတွေး စာအုပ်မှ ‘လုပ်ငန်းခွင်အောင်မြင်ပျော်ရွှင်စေဖို့’’ ဆောင်းပါးအား Book Club အဖွဲ့ဝင် ဦးသန့်ဇင်အောင်က ဦးဆောင်ဆွေးနွေးခဲ့ပြီး ဒေါ်မာမာနှင့် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက တစ်ဦးချင်း သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)