စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲ မျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူဦးနိုင်၏ လယ်မြေ ၂ ဧက၌ ကျင်းပသည်။

ကသာမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး Plastic Campaign ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ကသာခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်(၇)နာရီအချိန်က ဗိမြို့တော်ခန်းမရှေ့မှ အ.မ.က(၄)လမ်းတစ်‌လျှောက်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကသာခရိုင်၌ မိုးစပါးစိုက်ဧက (၁၇၃၆၂၅) စိုက်ပျိုးရန် လျာထား

ကသာခရိုင်အတွင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာတွင် မိုးစပါးစိုက်ဧက (၁၇၃၆၂၅)စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ (၁၇၁၇၃၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့်  ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့​နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးမြေပဲစိုက်ဧက ၄၁၀၀ ကျော်ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော မြေပဲစိုက်ဧက ၄၁၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ  ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။ 

ကန့်ဘလူမြို့ပေါ်ရှိဆေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် ကြပ်မတ်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သောဝန် ထမ်းများအဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ၁၆ ခုတင်ဆံ့ တိုင်ရင်းဆေးရုံတို့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့ စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်နေမှုလိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ သလ္လာရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ မြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ/သူနာပြုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စစ်ကိုင်းမြို့တွင်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို စစ်ကိုင်းမြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး သိန်းဝင်း၊ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ညွန့်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး တာဇံ၊ ခရိုင်အကူလုံခြုံရေး ဒုတပ်ခွဲမှူး ဒုရဲမှူး ဆန်းလွင်၊ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဇော်ထွေး၊ အမှတ်(၁၀၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်စိုးလွင်နှင့် တပ်ဖွဲ့ဝင်အင်အား(၅၀)ဦး၊ စစ်ကိုင်းခရိုင် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်ဇင်မာဦး နှင့် မိသားစုဝင်(၂၀)ဦး၊ စုစုပေါင်း အင်အား(၇၀)ဦးတက်ရောက်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး