စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေးညှိနှိုင်း အစည်းအဝေးတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်၊ ကလေး၊ ခန္တီးမြို့နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင်တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊