ခန္တီးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်း စတင်လက်ခံ

ခန္တီး မေ ၂၄

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ (၁၁) ရက်တာအား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ (၂၂) ရက်နေ့မှ စတင်ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ ယခင်နှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/သူ စုစုပေါင်း (၁၁၇၆၂) ဦးရှိပြီး မေလ (၂၃) ရက်နေ့ထိ ကျောင်းသား/သူ စုစုပေါင်း (၂၉၁၁) ဦး ကျောင်းအပ်နှံပြီးဖြစ်ကာ ၂၄.၇၅ ရာခိုင်နှုန်း အပ်နှံပြီးဖြစ်သည်။

ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ခန္တီးမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၉၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်း စုစုပေါင်း (၉၇) ကျောင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)