စစ်ကိုင်းမြို့နယ်မှ ငလျင်ဘေးသင့် မသန်စွမ်းသူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်

စစ်ကိုင်း မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှ ငလျင်ဘေးသင့် မသန်စွမ်းသူများအား ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို မေလ(၂၃)ရက် နေ့က စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ဦးမြတ်သူဝင်းတို့က စစ်ကိုင်းမြို့နယ်မှ ငလျင်ဘေးသင့် မသန်စွမ်းသူ (၁၁၁)ဦးအား တစ်ဦးလျှင် ဆန် (၂၄)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ စားသုံးဆီ၊ ဆားစသည့် စားသောက်ကုန်ပစ္စည်းများနှင့် စတီးလ်ဇလုံ၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆေးဝါးစသည့် လူသုံးကုန်ပစ္စည်းများကို တစ်ဦးချင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(စစ်ကိုင်း)