စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်တွင် မိုးရာသီဟင်းသီးဟင်းရွက်မျိုးစုံ ဧက ၅၀၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးရာသီ၌ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ ဧက ၅၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းကင်းမြို့နယ် သလဘာကျေးရွာတွင် တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး‌ဆွေးနွေးပွဲကို သလဘာကျေးရွာရှိ ဓမ္မာရုံ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းကင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools) များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် စစ်ကိုင်းမြို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools)များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေလ ၂၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွပ်ရှိ ဒီဇယ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အာဆီယံ The AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr Lee Yam Ming နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆  စိုက်ပျိုးရာသီချိန်တွင် မိုးကြိုပဲတီစိမ်း ယခင်နှစ်ထက်စိုက်ဧက ပိုမိုစိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆  စိုက်ပျိုးရာသီချိန်တွင် မိုးကြိုပဲတီစိမ်း သီးနှံကို ယခင်နှစ်ထက် စိုက်ဧကပိုမိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Emotional Intelligence in Managers အကြောင်း ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး Emotional Intelligence in Managers အကြောင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

မုံရွာမြို့ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်း မိုးရွာသွန်းမှုကြောင့် ထနှောင်းပင်ကြီး ပြိုလဲနေမှုအား မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း ရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ချမ်းမြဝတီရပ်ကွက် အမှတ်ရေကူးကန်လမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပွကာ သက်တမ်းရင့်ထနှောင်းပင်ကြီးတစ်ပင်ပြိုလဲခဲ့ရာ အဆိုပါသစ်ပင်ကြီး ပြိုလဲနေမှုအား မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြရာ နေ့ ၁၂ နာရီခွဲ အချိန်တွင် ရှင်းလင်းဆောင်ရွက်ပြီးကြောင်း သိရသည်။

ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်ကျောင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မေလ(၂၄)ရက်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငလျင်ဘေးအလွန် ပြည်တွင်းပြည်ပတစ်ပိုင်တစ်နိုင် ထုတ်လုပ်တင်ပိုနိုင်မှု ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မုံရွာမြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မန္တလေးငလျင်ကြီးကြောင့် လုပ်ငန်းများထိခိုက်မှု၊ လုပ်ငန်းလည်ပတ်မှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု၊ ကုန်စည်ဝင်ထွက်မှုနှင့်ထုတ်ကုန်များ စိတ်ချလုံခြုံမှုရှိစေရေး ရည်ရွယ်လျက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး