စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ ပြည်ထောင်စုဈေးကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ဝန်ထမ်းနှင့်တွဲဘက်ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်ပေးအပ်

မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှင့်တွဲဘက်ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့်ရာသီဥတု ကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး၊ အရိပ်အာဝါသနှင့်အပူဒဏ်လျော့ချနိုင်ရေးတို့အတွက်ရည်ရွယ်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝန်းအတွင်း ယနေ့နံနက် ၇  နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၂)(ရွာထောင်)နှင့် မြို့နယ်သစ်တော ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၄ ရက်၊ နံနက် (၇)နာရီအချိန်က စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူးပြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၄ ရက်နေ့နံနက် ၈ နာရီက ကျွန်းလှမြို့၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ကျင်းပသည်။

သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် မြို့မရဲတပ်ဖွဲ့နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၉ နာရီက မြို့မရဲတပ်ဖွဲ့စခန်းဓမ္မာရုံတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဟောပြောခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့‌ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကွန်ပျူတာသင်တန်းအမှတ်စဉ်(၂/၂၀၂၅)နှင့် (၃/၂၀၂၅)၊ အခြေခံတရုတ်စကားပြောသင်တန်း၊ အခြေခံဂျပန်စကားပြောသင်တန်းများဆင်းပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၅) နှင့်(၃/၂၀၂၅)၊ အခြေခံတရုတ်စကားပြောသင်တန်း၊ အခြေခံဂျပန်စကားပြောသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ပညာ့ရိပ်သာအတွင်း၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှတစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးအတွက် ရည်ရွယ်၍ ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ပညာ့ရိပ်သာအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရွှေဘိုမြို့၌ ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပန်းကြယ်သီးပြုလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို) ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး