မုံရွာခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ဝန်ထမ်းနှင့်တွဲဘက်ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်ပေးအပ်

မုံရွာ ဇွန် ၁၄

မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှင့်တွဲဘက်ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမုံရွာခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှင့် တွဲဘက် ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အထက်တန်းအဆင့် (၅)ဦး၊ အလယ်တန်းအဆင့်(၆)ဦး၊ မူလတန်းအဆင့်(၂၃)ဦး၊ စုစုပေါင်း(၃၄)ဦးအတွက် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ပြင်ပအလှူရှင်များမှ လှူဒါန်းသည့် စုစုပေါင်း လှူဒါန်းငွေကျပ်(၅၄၄,၀၀ဝ)ကို ကျောင်းသား၊ ကျောင်းသူများထံ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)