ရွှေဘိုမြို့၌ ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပ

ရွှေဘို ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပန်းကြယ်သီးပြုလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးမြမွန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ “ပန်းကြယ်သီးပြု လုပ်နည်း သင်တန်းသည် အသက်မွေးဝမ်းကြောင်း တိုးတက်မှုအတွက် အခွင့် အလမ်းတစ်ရပ်ဖြစ် ကြောင်း၊ သင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များကို လက်တွေ့တွင် အသုံးချနိုင်သည်အထိ ကြိုးစားလေ့လာကြရန်လိုကြောင်းနှင့် အထည်ချုပ်လုပ်ငန်းများတွင် ကိုယ်ပိုင် ပန်းကြယ်သီး ဒီဇိုင်းများ ဖန်တီးနိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း” ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၁၃.၆.၂၀၂၅ ရက်နေ့မှ ၁၅.၆.၂၀၂၅ ရက်နေ့ထိ သင်ကြားမည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများ စုစုပေါင်း(၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။

ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အသက်မွေးဝမ်းကြောင်းပညာရပ်များကို  ဆက်လက် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)