ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျွန်းလှ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူးပြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၄ ရက်နေ့နံနက် ၈ နာရီက ကျွန်းလှမြို့၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)ဦးစိုးကျော်နိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူးဦးခိုင်မင်းထွန်း၊ တောအုပ်ကြီးဦးစိုးမြတ်သူတို့က တာဝန်ရှိများထံ စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက ကျွန်းပင် ၁၀၀၊ တမာပင် ၁၀၀၊ ပျဉ်းကတိုးပင် ၁၀၀၊ ခရေပင် ၁၀၀၊ စွယ်တော်ပင် ၁၀၀၊  နှစ်ပေနှင့်အထက်ပျိုးပင် ၅၀၀ ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို