စစ်ကိုင်း ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၂)(ရွာထောင်)နှင့် မြို့နယ်သစ်တော ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၄ ရက်၊ နံနက် (၇)နာရီအချိန်က စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၂)(ရွာထောင်) တိုင်းတာဝန်ခံဦးရဲနိုင်နှင့် မီးရထားဝန်ထမ်းများ၊ စစ်ကိုင်းမြို့နယ်သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရဲထက်အောင်နှင့် သစ်တောဝန်ထမ်းများ၊မီးရထားရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြံထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များက မယ်ဇယ် (၁၆၀)ပင်၊ ရေတမာ(၁၀၀)ပင်၊ တမာ(၁၀၀)ပင်၊ စုစုပေါင်း(၃၆၀)ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
စစ်ကိုင်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း စိမ်းလန်းစိုပြေစေရေးအတွက် မယ်ဇယ်၊ ရေတမာ၊ တမာပင်စသည် အပင်မျိုးစုံကို စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
နေလင်းအောင်(ပြန်/ဆက်)