တမူးမြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်က စော်ဘွား (၁၁) ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။