စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၅)ကို ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်အပါအဝင် (၁၃) မြို့နယ်စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ၏ တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နာဂဒေသလဟယ်မြို့တွင် ၂၀၂၅ ခုနှစ် တက္ကလိုလ်၀င်စာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ်ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ဖြေဆိုလျက်ရှိရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းနှင့် စီမံအဖွဲ့၀င်များ၊ဒေသပညာရေးမှူး ဦးထိန်လင်း၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့်အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်လှိုင်၀င်းတို့က တက္ကလိုလ်၀င်စာမေးပွဲ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုမည့် ကျောင်းသားများအား သွား‌ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နာဂဒေသ၊ ပန်ဆောင်မြို့၌ မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ အစဥ်အမြဲ သန့်ရှင်းသာယာလှပရေးအတွက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့မစျေးနှင့်ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများနှင့် ရေဆိုးထုတ်မြောင်းများအား မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများတွင် “ခြင်”ကြောင့် ဖြစ်ပေါ်တတ်သောရောဂါ အန္တာရာယ်ကင်းဝေးစေရန်အတွက် ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များ၊ သဲနုန်းများကို တင်ကျန်နေခြင်းမရှိစေရန် အရှည်ပေ ၁၀၀ အနက် ၂ ပေရှိရေနုတ်မြောင်းအား တူးဖော်ပေးခဲ့ကြောင်း သိရသည်။

ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကလိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယအကြိမ်) ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ (ဒုထိယအကြိမ်) ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီက ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးကြောင်း သိရသည်။

ခန္တီးမြို့၌ ဒုတိယအကြိမ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆို

၂၀၂‌၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယအကြိမ်ပြန်လည်ဖြေဆိုခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့‌တွင် ယနေ့နံနက် (၉) နာရီအချိန်မှစ၍ အ‌ခြေခံပညာအထက်တန်းကျောင်း (ခန္တီး) စာစစ်ဌာနတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာကော်မတီနှင့် OPK CLUB တို့ ပူးပေါင်း၍ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၄)နာရီအချိန်က စစ်ကိုင်းမြို့၊ ပိုးတန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ သူရ-၄ အသင်းက စည်သူ-၁ အသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် အေးချမ်းစွာစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ဒုတိယအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁) စာစစ်ဌာန၌ မြန်မာ စာဘာသာရပ်ကို အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ ဥဩ(ချယ်ရီမြေ) ရေးသားသည့် “ လှေကားထစ်များ ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး