လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ ပုလဲရတုအခမ်းအနား မုံရွာမြို့တွင်ကျင်းပ

မုံရွာ ဇွန် ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့ ပုလဲရတုအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက စစ်ကိုင်းတိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇင်ထက်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများမှ ပြည်ထောင်စုဝန်ကြီးရုံးမှပေးပို့လာသော ဝန်ကြီးဌာနနှစ်ပတ်လည်နေ့ Video Clip ပြသမှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်ဇနီးတို့နှင့်အတူ တာဝန်ရှိသူများက (၅/၂၀၂၅) လအတွင်း UID လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သည့် ပုလဲ၊ ဆားလင်းကြီး၊ မုံရွာမြို့နယ်ရုံးများမှ ဝန်ထမ်း(၃)ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မုံရွာအခြေပြု တိုင်းဒေသကြီးဦးစီးမှူးရုံးအပါအဝင် ဘုတလင်၊ ယင်းမာပင်၊ ပုလဲ၊ တန့်ဆည်၊ ဆားလင်းကြီး၊ ကနီနှင့် မုံရွာမြို့နယ်ရုံးများမှ ဝန်ထမ်းများ၏သားသမီးများအား အထက်တန်း ၉ ဦး၊ အလယ်တန်း ၈ ဦး၊ မူလတန်း ၁၉ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးအတွက် ပညာသင်စရိတ် ငွေကျပ် ၉၈၀၀၀၀ ကို လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဝန်ထမ်းများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ ပုလဲရတုအဖြစ် အမှတ်တရလက်ဆောင်များကို မဲဖောက်၍လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အလားတူ တာဝန်ရှိသူနှင့်ဝန်ထမ်းများက နံနက် ၅ နာရီက တိုင်းဒေသကြီးရုံးရှိ ဓမ္မာရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ ပုလဲရတုအဖြစ် သံဃာတော်ငါးပါးအားပင့်ဖိတ်ပြီး လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ အာရုံဆွမ်းကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးများ၏ အန္တရာယ်ကင်းပရိတ်တရားတော်များကို တာဝန်ရှိသူနှင့်ဝန်ထမ်းများက နာယူခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)