တမူးမြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

တမူး ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီအချိန်က စော်ဘွား(၁၁)ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်း၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်စိုးတို့က ပျိုးပင်များ ပေးအပ်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး ကျွန်း (၃၀၀) ပင်၊ ပျဉ်းကတိုး (၂၅၀) ပင်၊ မျောက်ငို (၅၀) ပင် စသည့်ပျိုးပင် စုစုပေါင်း (၆၀၀) ပင်တို့ကို တစ်ပျော်တစ်ပါးပါဝင် စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှငိ့မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သစ်တောဦးစီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း အင်အား (၃၀၀) ဦး တက်ရောက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရတနာ