စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အခြေခံပညာကျောင်းများ အေးချမ်း တည်ငြိမ်စွာဖြင့် ပညာသင်နေမှုများအား လိုက်လံကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ဝန်ထမ်းနေအိမ်အဆောက်အဦများ ကြံ့ခိုင်မှုစစ်ဆေးနေမှု၊ Modular House များတွင် နေထိုင်ကြသည့် ဝန်ထမ်းမိသားစုများအတွက် စားဖိုဆောင်အလျား -၄၄ ပေ၊ အနံ - ၂၄ ပေ အဆောက်အဦသစ် တည်ဆောက်နေမှုနှင့် Modular House များနှင့် ဝန်ထမ်းများအား စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။