မုံရွာမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဇွန် ၃၀

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှလူငယ်ကဏ္ဍဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ရာ ရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဒု-ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းက ယနေ့လူငယ်များသည် အနာဂတ်တွင် နိုင်ငံ၏တာဝန်များကို ထမ်းဆောင်ရမည့် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်သည်နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စည်းလုံးညီညွတ်မှုအင်အားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခေတ်လူငယ်များအနေနဲ့ နည်းပညာ တိုးတက်မှုရဲ့ကောင်းကျိုးတွေကိုသာမက တစ်ဖက်ကလည်း ဆိုးကျိုးတွေဖြစ်တဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ Cyber Bulling များ ပြုကျင့်ခံရခြင်း၊ Hate
Speech များ ပျံ့နှံခြင်းတို့ကို ကြုံတွေ့လာနိုင်ပါတယ်။ ဒါတွေဟာ ရေရှည်မှာ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဓိကစိန်ခေါ်မှုများ ဖြစ်လာနိုင်ပြီးငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေကို ထိခိုက်နစ်နာမှုများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိတို့လူငယ်တွေအနေနဲ့ အသိသတိရှိစွာဖြင့် အချင်းချင်းရိုင်းပင်ကူညီဖေးမခြင်း၊ ညီညွတ်မျှတခြင်းတို့ကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ လူမှုပတ်ဝန်းကျင်ကို ဖော်ဆောင်ဖို့အတွက် မလိုလားအပ်တဲ့ အမုန်းစကားများ ရပ်တံ့နိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဟောပြောပွဲတွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဒု-ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက အမျိုးသမီးရေးရာအဖွဲ့ချုပ် အခြေခံစည်းမျဉ်းနှင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာအကြောင်းကိုလည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးများ ဝတ်စားဆင်ယဉ်မှု အကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြသည်။
အဆိုပါ
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲကို ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက အခြေခံလူမှုဝန်ထမ်းလုပ်ငန်းအကြောင်း၊ အမျိုးသမီးများဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ကြောင်းနှင့် သဘာဝဘေးလျော့ပါးရေး ဆွေးနွေးခြင်းနှင့် ငလျင်ဇာတ်တိုက်သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)