မုံရွာမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနား ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ဆုရကျောင်းသူလေးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။