မုံရွာမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မုံရွာ ဇူလိုင် ၁

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီနာယက၏လမ်းညွှန်မှုအရ တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့်  မုံရွာခရိုင်/မြို့နယ် အမျိုးသမီးရေးအဖွဲ့နှင့် အခြေခံပညာတို့ပူးပေါင်းပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မုံရွာခရိုင်အမျိုးသမီးရေးအဖွဲ့မှ တာဝန်ရှိသူက စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကိုကျင်းပရာ အထက်တန်းအဆင့် ကျောင်းသား/သူများ၏ “တိုင်းပြည်အင်အား အမျိုးသမီးစွမ်းပကား” ခေါင်းစဉ်ဖြင့် ပါဝင်ဝင်ရောက်ယှဉ်ပြိုင်နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ အထက်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၄၁) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများကို မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)