ကျွန်းလှ ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးကောင်းမွန်ရေး၊ ကလေးငယ်များအား ရောဂါဘယကင်းစင်ရေးတို့အတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် မွေးစမှ အသက်နှစ်အောက်ကလေးများအား အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)