လဟယ် ဇွန် (၃၀)
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောအသက် မွေးဝမ်းကြောင်းအထောက်အကူပြု (ဆံသ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ နာဂဒေသကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းမိုး ကသင်တန်းနှင့် ဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးက သင်တန်းနည်းပြဆရာအားဉာဏ် ပူဇော်ခပေးအပ်ချီးမြှင့်ပါသည်။ ဆက်လက်ပြီး
နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက သင်တန်းသားထူးချွန်ဆုကိုလည်းကောင်း၊ ဒေသသ/မြို့နယ်စီမံအဖွဲ့၀င်များက မြေပြင်ပြန်လည်အသုံးချမည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း သင်တန်းသားများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျေးလက်ဒေသရှိ ပြည်သူများ အသက် မွေး၀မ်းကြောင်အထောက်အကူ ပြုစေရန်၊အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစု ၀င်ငွေတိုးလာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီးသင်တန်းကို (၁၆-၆-၂၀၂၅) မှ ၃၀-၆-၂၀၂၅) ရက်နေ့အထိသင်တန်းသား (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းမိုးနှင့်ရုံးဝန်ထမ်းများ၊ သင်တန်းသားများတက်ရောက်ကြောင်း သိရပါသည်။
မြို့နယ် (ပြန်/ဆက်)