ကဝမြို့နယ်တွင် အဆင့်မြင့်ထွန် (Power Harrow) ဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၄) စက်မှုလယ်ယာစခန်း(အုန်းနှဲ)မှ အဆင့်မြင့်ထွန် (Power Harrow)ဖြင့် ထွန်ယက်ခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက အမှတ် (၁၀၉၂ခ)၊ ဦးပိုင် အမှတ် (၇၆/၃)၊ တောင်သူ ဦးကိုကိုဇင် ပိုင်လယ်မြေ (၈.၀၀)ဧက၌ ဆောင်ရွက်ခဲ့သည်။