ဖြူး ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းတွင် အသုံးပြုသော ခေတ်မီစက်ကရိယာဖြစ်သည့် Reversible Mouldboard Plough ဖြင့် ထွန်ယက်သရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီချိန်က ကျီးမနိုကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာရှိ တောင်သူဦမောင်ဆန်း၏ စိုက်ဧက (၅) ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထွန်ယက်သရုပ်ပြသပွဲတွင် ဖြူးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၈၇) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်က မြေပြုပြင်ခြင်းလုပ်ငန်းတွင် အသုံးပြုသောခေတ်မီစက်ကရိယာဖြစ်သည့် Reversible Mouldboard Plough ၏ အားသာချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းကြီးကြပ်မှုကော်မတီဝင်များ၊ ကျီးမနိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများမှ ထွန်ယက်သရုပ်ကြသမှုအား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)