မင်းလှ ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်(ဒုတိယအကြိမ်)မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ဒီဇင်ဘာ ၂၆ ရက်နံနက် ၉ နာရီခွဲချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ စောရွှေသိန်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ခိုင်က ဒုတိ ယအကြိမ်သင်တန်းထပ်မံဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။
မင်းလှမြို့နယ်တွင်မဲရုံပေါင်း(၉၀) ရုံရှိရာ သင်တန်းကိုမဲရုံမှူး၊ ဒုမဲရုံမှူးများဖြစ်သည့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ(၁၈၀) ဦးတတ်ရောက်ခဲ့ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲရုံတစ်ရုံတွင် တစ်နေ့တာ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုနံနက်(၉) နာရီခွဲမှညနေ (၄) နာရီချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)