ကဝ ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၄) စက်မှုလယ်ယာစခန်း(အုန်းနှဲ)မှ အဆင့်မြင့်ထွန် (Power Harrow)ဖြင့် ထွန်ယက်ခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက အမှတ် (၁၀၉၂ခ)၊ ဦးပိုင် အမှတ် (၇၆/၃)၊ တောင်သူ ဦးကိုကိုဇင် ပိုင်လယ်မြေ (၈.၀၀)ဧက၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အဆင့်မြင့်ထွန်(Power Harrow)ဖြင့်ထွန်ယက်သရုပ်ပြခြင်းကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)