ပြည်မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား”ကို ယနေ့နံနက် ၁၀ နာရီက ပြည်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများနှင့် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။