ကျောက်ကြီးမြို့နယ် ရှင်သီဝလိ ခြေတော်ရာတောင်တော်မြတ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ကျောက်ကြီး ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ မြို့ကျက်သရေဆောင် ရှင်သီဝလိ ခြေတော်ရာ တောင်တော်မြတ်၌ ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းတွင် ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ကျောက်ကြီးမြို့နယ် ရှင်သီဝလိခြေတော်ရာတောင်တော်မြတ်တွင် တည်ထားကိုးကွယ် လျက်ရှိသော ငါးထပ်ကြီးရုပ်ပွားတော်မြတ်၊ နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ရှင်သီဝလိ ရဟန္တာမြတ် ဘယ်ခြေတော်ရာနှင့် ခြေဆေးကန်စေတီတော်တို့တွင် နေ့ကြီးရက်ကြီးများဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့နှင့် မြန်မာနှစ်သစ်ကူးအချိန်အခါများတွင် ဒေသခံပြည်သူများက ကုသိုလ်ပြု စိတ်အပန်းဖြေရာအနေဖြင့် ငါးထပ်ကြီးရုပ်ပွားတော်ရင်ပြင်နှင့် ဇရပ်တန်ဆောင်းများတွင် မိမိတို့နေ့စဥ်လုပ်ငန်းခွင်မဝင်ရောက်ခင် တစ်နေ့တာအနားယူ ကုသိုလ်ပြုသူများ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်သူများဖြင့် စည်ကားလျက်ရှိပြီး မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့် လမ်းဆုံလမ်းဂွများ၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)