ထန်းတပင်မြို့နယ်တွင် အပူဒဏ်ရောဂါလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထား

ထန်းတပင် (ပဲခူး) ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်ကျန်မာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် အပူဒဏ်အန္တရာယ်ကြောင့်ဖြစ်တတ်သော ရောဂါများကို ကုသပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည်။

အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါဖြင့် လူနာများ ရောက်ရှိလာပါက လူနာများအား လက်ခံကုသပေးနိုင်ရန် လိုအပ်သော ဆေးနှင့်​ဆေးပစ္စည်းများ ဖြည်းဆည်းပြင်ဆင်ထားရှိပေးခြင်း အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်း လမ်းညွှန်နှင့်အညီ ဆောင်ရွက်ကုသမှုပေးနိုင်ရေးနှင့် လူနာများအား အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေး ပြဿနာများအတွက် ကာကွယ်ကုသနိုင်ရေးလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)