ပဲခူးတိုင်းဒေသကြီး

လက်ပံတန်း၌ သဘာဝမြစ်ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဥိးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးအိုင်ကျေးရွာအုပ်စု၊ တာဆိပ်ချောင်းအတွင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ငါးမျိုးတစ်သိန်းကျော်စိုက်ထည့်ပေးခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးလျာထားဧက(၄၆၇၅၇)ဧကစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရာသီအလိုက်အဓိကစိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်သည့်မိုးစပါးကို ဧကပေါင်း (၄၆၇၅၇)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

သဲကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူး‌ပေါင်းပါဝင်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေကြို့မြေဘိုးဘွားရိပ်သာမှဘိုးဘွားများအား UID(Smart Card)များ ကွင်းဆင်းဆောင်ရွက်‌ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွှေကြို့မြေဘိုးဘွားရိပ်သာရှိဘိုးဘွားများအား Biometric Data ကောက် ယူ၍ UID(Smart Card)များကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ဩဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ကျော်ဇေယျမှ အားပေးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့၌ ဥပဒေအရကိုင်ဆောင်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးက ကျင်းပပြုလုပ်သည့် ဥပဒေအရ ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာဆွေးနွေးပွဲကို ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဖြူးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပညာရတနာကိုယ်ပိုင်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသပွဲကို ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမားရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အ.ထ.က ရေတာရှည်အောင်ဆန်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား‌ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁၅ ရက်မှ စတင်ကာ မြို့မ အ-ထ-က ကျောင်းအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။

သာယာဝတီမြို့ သင်တောရိုးအုပ်စုတွင် နွေစပါးစိုက်ခင်းများ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု့အားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း နွေစပါးစိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်း၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခန့်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး