ပဲခူးတိုင်းဒေသကြီး

ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယ​နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားသော ကျေးရွာများတွင် ကူညီမှုများဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ရှိ နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျေးရွာများသို့သွားရောက်၍ ကူညီမှုများဆောင်ရွက်ပေးလျက်ရှိသည်။

နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှကျင်းပအပ်သော နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှကျင်းပအပ်သော နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ကန်ကြီးလမ်း အောင်ရိပ်သာကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်တွင် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာမှ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု (၁၅) စုအား ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံပန်းချီသင်တန်းဖွင့်လှစ်ရာ ဒေသတွင်းမှ အခြေခံပညာကျောင်းသား/ကျောင်းသူများ တက်‌ရောက်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၁) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၁) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဒုတိယအကြိမ် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ဒုတိယအကြိမ် အခြေခံကွန်ပျူတာသင်တန်းကို တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်းရပ်ကွက်တွင် အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အပူဒဏ်အန္တရာယ်မှ ကင်း​​ဝေး​စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးလမ်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ နွေစပါး ၁၁၈၇၃ ဧကဖြင့် လျာထားချက်ပြည်မှီစွာ စိုက်ပျိုးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ၁၁၈၇၃ ဧကစိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး