လက်ပံတန်းမြို့၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှကျင်းပအပ်သော နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

လက်ပံတန်း ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှကျင်းပအပ်သော နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ကန်ကြီးလမ်း အောင်ရိပ်သာကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဩဝါဒစရိယဆရာတော် ဦးကေသရက ဩဝါဒစကားမိန့်ကြားပြီး မြို့နယ်သာသနာရေးမှူး ဦးဇော်သန်းက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆိုင်ရာကိစ္စများ လျှောက်ထားခဲ့သည်။

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းစာမေးပွဲကို မေလ ၁၈ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၌ အိုင်တလုပ်၊ ယွန်းသွယ်၊ မဟာဇေယျ ကျောင်းတိုက် စာဖြေဌာနသုံးခု ဖွင့်လှစ်ကျင်းပမည်ဖြစ်ပြီး ယနေ့ အောင်ရိပ်သာ သင်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း