သဲကုန်းမြို့နယ်တွင် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

သဲကုန်း ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာမှ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု (၁၅) စုအား ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာမြို့အုပ်ချုပ်ရေးမှူးများ၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော အမိုးလန်နေအိမ် (၁၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး နေအိမ်တစ်လုံးလျှင် (၅၀၀၀၀) ကျပ် ဖြင့် (၇၅၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၃၆) ဦးအတွက် တစ်ဦးလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ဆန်ရိက္ခာဖိုး (၁၈၀၀၀၀) ကျပ်အား လေဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်း​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)