သဲကုန်း ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ရှိ နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျေးရွာများသို့သွားရောက်၍ ကူညီမှုများဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ သက်ဆိုင်ရာမြို့အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲခေါင်းကျေးရွာ၊ သီးကုန်းကျေးရွာ၊ သာပေါင်းကျေးရွာ၊ ရပ်သာကျေးရွာ၊ ကြို့ကုန်းကျေးရွာများမှ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော နေအိမ် (၁၅) လုံးအား အချိန်မီပြန်လည်ပြုပြင်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)