ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၃) ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က အောင်းကြီးအခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက်ပိုင်း အ.ထ.က(အုတ်တွင်း)ကျောင်းတွင် ဖြေဆိုခဲ့သည်။

ဗလငါးတန်နှင့်ပြည့်စုံသော တိုင်းရင်းသားကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူး​ပေါင်းပြီး (စတုတ္ထအကြိမ်)မြောက် တိုင်းရင်းသားကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ထုံးကြီးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အမေ့အိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ရေးရာအသိပညာပေးဟောပြောနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပွတ်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် မဲကုန်းရပ်ကွက်အတွင်း အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်လိုက်လံရောင်းချပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့ပေါ်မဲကုန်းရပ်ကွက်အတွင်း ရွေ့လျားစနစ်ဖြင့်စျေးနှုန်းချိုသာစွာလိုက်လံရောင်းချပေးခဲ့သည်။

ညောင်လေးပင်မြို့နယ်တွင် အောင်းကြီးအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အောင်းကြီးအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ညောင်လေးပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ

ညောင်လေးပင်ခရိုင်၊ ပိန်းဇလုပ်မြို့နယ်လက်ထောက်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပိန်းဇလုပ်ရဲစခန်းအတွင်း၌ ကျင်းပခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး