ညောင်လေးပင် ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အောင်းကြီးအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်းကြီးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းက ဦးဆောင်ဆွေးနွေးကာ Grade(12)မှ မအိသဇင်မျိုးက မိသားစုဘဝလှပဖို့လျှောက်လှမ်းကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(12)မှ မခိုင်သဇင်ဖြိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အနာဂတ်မှာလူငယ်များသို့ပေးပို့မည့် သူရိယနေမင်းကြီး၏လက်ဆောင်ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade(12)မှ မောင်ထက်ကိုဦးက လမ်းမပေါ်ကအန္တရာယ်ကာကွယ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11)မှ မောင်သီဟဇော်က ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မောင်ဟိန်းမြတ်အောင်က စိတ်ဓာတ်ကျခြင်း ခေါင်းစဉ်များဖြင့်လည်းကောင်း၊ Grade(11)မှ မချောဝတီအောင် မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မရွှေဝတ်ရည်က ရေထုညစ်ညမ်းမှုနှင့်ကျန်းမာရေး ခေါင်းစဥ်ဖြင့်လညကောင်း၊ Grade(11)မှ မနှင်းဝေဇော်က ဝမ်းပျက်ရောဂါ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၁၅၅)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)