နတ်တလင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပွတ်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊လူကောင်းများပေါ်ထွန်းလာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကိုဖတ်ရှုကြရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ်များ၊ မူးယစ်ဝါး၏ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက စာပေဖတ်ခြင်းကောင်းကျိုး၊ ဆိုးကျိုးများကိုပုံပြင်၊ သာဓကများဖြင့်ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား နယ်လှည့်စာကြည့်တိုက်မှစာအုပ်၊ စာစောင်များဖတ်ရှုစေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၇)နှစ်မြောကလွပ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေးနှင့် လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)