ညောင်လေးပင် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၃) ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က အောင်းကြီးအခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန် သိသင့်သိထိုက်သည့်အကြောင်းအရာများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာများ လေ့လာဖတ်ရှုတတ်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး အကြောင်းအရာများ ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ စာအုပ်များအားဖတ်ရှုစေခြင်းနှင့် လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်မားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)