အုတ်တွင်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဖြေဆို

အုတ်တွင်း ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက်ပိုင်း အ.ထ.က(အုတ်တွင်း)ကျောင်းတွင် ဖြေဆိုခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို Grade -9 မှ ကျောင်းသား/ ကျောင်းသူ(၁၁) ဦး၊ Grade-10မှကျောင်းသား/ ကျောင်းသူ(၁၀) ဦး၊ Grade-11 မှကျောင်းသား/ ကျောင်းသူ(၁၀)ဦး၊ Grade-12 မှ ကျောင်းသား/ ကျောင်းသူ(၄)ဦး၊ စုစုပေါင်း (၃၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရွေးချယ်ခံရသော ကျောင်းသား/ကျောင်းသူများအား ခရိုင်အဆင့်သွားရောက်၍ ဆက်လက်ဖြေဆို သွားမည်ဖြစ်ပါကြောင်း မြို့နယ်ဒုတိယပညာရေးမှူးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)